အစဥ်အလာမပြတ် နှစ်စဥ် Proven နဲ့အတူ Aisin Engine oil ၊ STATES Lubricants နှင့် ကားဆက်စပ်ပစ္စည်း များအတွက် ၂၀၂၄ ခုနှစ် တစ်နှစ်တာလုံး ချစ်ခင်ယုံကြည်စွာ အောင်အောင်မြင်မြင်နဲ့ အတူလက်တွဲ လာခဲ့ကြတဲ့ အရောင်း ကိုယ်စားလှယ်ကြီး များအား Vietnam Sapa ခရီးစဥ်သို့ ၂၀၂၅ ခုနှစ် မတ်လ အတွင်း ပို့ဆောင်ပေး ခဲ့ပြီး –
Hanoi ရဲ့ အကြီးဆုံး စားသောက်ဆိုင် တွေထဲက တစ်ခုဖြစ်တဲ့ Sen Tay Ho မှာ Buffet နှင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခြင်း ၊ အမြင့်ပေ ပေါင်း ၁၀၀၀၀ ကျော်ရှိ Vietnam ရဲ့ အမြင့်ဆုံး Fansipan Mountain 🏞 ၊ MOANA SAPA CAFE ၊ Ba Dinh Square မှာရှိတဲ့ အထင်ကရ Ho Chi Minh Mausoleum🏛 အစ ရှိသည့် လူသိများ ထင်ရှားသည့် နေရာများ အပြင် Hanoi မြို့အနှံသို့ ပျော်ပျော်ပါးပါး အလည်အပတ် သွားရောက်ခဲ့ ကြပြီး ၊ VINCOM Center ၊ SUN plaza များသို့ အလည်အပတ် စျေးဝယ်ထွက်ခြင်းများဖြင့် Vietnam Sapa ခရီးစဥ်ကို ပျော်ရွှင်ကြည်နူးစွာ ကုန်ဆုံးခဲ့ပါတယ်။
နောင် နှစ်များ မှာလည်း Proven နဲ့အတူ အရောင်းကိုယ်စားလှယ်ကြီး များအားလုံး ယုံကြည်စွာ လက်တွဲပြီး 🤝၊ ပျော်ရွှင် ကြည်နူးမှု၊ အောင်မြင်မှု ပန်းတိုင်တွေနဲ့ အတူ 🏆🤜🤛ရှေ့ဆက်ကာ စိတ်ရွှင်လန်းမှု အပြည့်ရှိနိုင်မယ့် ပြည်ပခရီးစဥ်များ အတူတကွ သွားနိုင်ဖို့ ရင်ခုန်စွာ မျှော်လင့်ရင်း… ☺🥰👍













